925က

ငွေလား တခြားသတ္တုလား ဘာလဲ

What is 925? Silver? or other metal?

” အစ်ကိုရေ ငွေမဟုတ်ပဲ 925ရှိလား ” ..  ဒီစကားကိုခဏခဏကြားရတာကြာပါပြီ .. Customerတော်တော်များများ မေးကြတဲ့မေးခွန်းလေးပါ .. သူတို့စိတ်ထဲမှာ 925ဆိုတာကို တခြားသတ္တုတမျိုးလို့ ထင်နေကြတာပါ..

         ကျွန်တော် ဒီBlogမှာ ပထမဆုံးTopicလေးအနေနဲ့ Customerတွေ Confuseဖြစ်နေတဲ့ ငွေနဲ့925 ဘာကွာလဲဆိုတာကိုရှင်းပြသွားမှာပါ..

“Do you have the 925? And not the silver”. We are hearing that kind of question many times. Because most of the customers are asking that question. They think 925 is a different kind of metal.

    As the first topic in this blog, I will explain the difference between silver and 925 that customers are confused about.

“သူတို့စိတ်ထဲမှာ 925ဆိုတာကို တခြားသတ္တုတမျိုးလို့ ထင်နေကြတာပါ..”

They think 925 is a different kind of metal

ငွေ(Silver)ကို လက်ဝတ်ရတနာအဖြစ်ပြုလုပ်တဲ့အခါ 100%လုပ်ဖို့က တချို့ဒီဇိုင်းတွေမှာ မလွယ်ကူပါဘူး..အရမ်းပျော့လွန်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်.. အဲ့ဒီ့အတွက် ငွေကိုတခြားသတ္တုနဲ့ရောစပ်ပေးရပါတယ်.. စပ်တဲ့နေရာမှာ နိုင်ငံအလိုက်စံနှုန်းတွေကွဲပြားပါတယ်.. တကမ္ဘာလုံးရဲ့စံနှုန်းအနေနဲ့သုံးနေတာကတော့ Britainရဲ့ Sterling Standardပါ.. ငွေကို 92.5%ထိရောစပ်ပြီး Copper ဒါမှမဟုတ် တခြားAlloyတခုခုနဲ့ရောရတာဖြစ်ပါတယ်.. အဲဒါကိုပဲ လူတွေက925ဆိုပြီး အလွယ်တကူခေါ်ကြတာပါ…

       When we make the jewelry with 100% Silver, it will be difficult to make some product design because the silver is too soft. So it needs to be mixed with other kinds of metal. There will be different mixing standards in different countries. World mixing standard is Britain’s Sterling Standard. In Britain’s Sterling Standard, mixing Silver(92.5%) with other Alloy or Copper to make jewelry. So people are called 925 easily.

တကယ်ကတော့ 925ဆိုတာ တခြားသတ္တုမဟုတ်ပါဘူး.. ငွေပါပဲ .. ရောင်းတဲ့ဆိုင်တွေက မရှင်းပြကြလို့ လူတွေကြားမှာတော်တော်ကို အထင်မှားမှုတွေဖြစ်နေကြတာပါ… ဒီဇိုင်းပိုင်းကိုလိုက်ပြီး ဘယ်နိုင်ငံထုတ်Silverလဲဆိုပြီး ခွဲခြားသတ်မှတ်ကြပေမယ့် Qualityပိုင်းကတော့ တခုနဲ့တခုသိပ်မကွာကြပါဘူး…

အလွယ်တကူ Tarnish(မဲသွားခြင်း) မဖြစ်အောင်ဆိုပြီး Rhodium ဆိုတဲ့သတ္တုတမျိုးနဲ့စိမ်ပြီး အပေါ်ကနေ One Layer ခံကြတာလည်းရှိပါတယ်..  ဒါပေမယ့် တနှစ်ကျော်လောက်ကျရင်တော့ အရောင်ပြန်မှိန်သွားတဲ့အတွက် Re-plateပြန်လုပ်ပေးရပါတယ်..

Rhodiumရဲ့အားနည်းချက်ကတော့ ဈေးကြီးတာပါ.. ဒါကြောင့် နာမည်ကြီးဆိုင်တွေရဲ့ Silverwaresတွေက ဈေးကြီးနေရခြင်းဖြစ်ပါတယ်.. လက်ဝတ်လက်စားမှာပဲလုပ်နိုင်ပြီး သူထက်ကြီးတဲ့ပစ္စည်းဆိုမကိုက်တော့ပါဘူး…

92.5%ထက်ကျော်ပြီး လုပ်လို့မရဘူးလားဆိုတော့ရပါတယ်.. 100%နီးပါးလောက်နဲ့ကို တချို့ပစ္စည်းတွေမှာလုပ်လို့ရပါပြီ.. တိုးတက်လာတဲ့ ပန်းထိမ်ပညာတွေကြောင့် အရင်ကလုပ်လို့မရခဲ့တဲ့ဒီဇိုင်းပိုင်းမှာပါ ရနေပါပြီ.. အရမ်းပျော့လွန်းတဲ့အတွက် အကြမ်းပတမ်းတော့ခံနိုင်မှာမဟုတ်ပါဘူး.. ဒါကတော့ Knowledgeအနေနဲ့ ပြောပြတာပါ…

       Actually 925 is not the other metal, it’s silver. Most of the jewelry shops do not explain well about it. So people are confused for 925. We can identify the country with silver product design. All of the silver qualities are not too different.

If you want to prevent tarnish easily, soaked in a metal called rhodium and have a layer on top but after a year later the color will fade and needs to be re-plate.

Rhodium disadvantage is expensive, so the famous silverwares stores’ products are expensive. It can be used for jewelry and it is not suitable for large products.

Can’t do more than 92.5%? No, it can be used more. Almost 100% can be done on some products. As a developing technology in silversmithing we can do some designs that have not been done with the old silversmithing way. But it will be too soft and need to be handled carefully. Those facts are some silver knowledge.

နိဂုံးချုပ်အနေနဲ့ကတော့ လူကြီးမင်းတို့ ငွေနဲ့925ကို မတူညီတဲ့သတ္တုအဖြစ် အထင်မမှားကြတော့ဘူးလို့ထင်ပါတယ်… ငွေဝယ်မယ်ဆို အဓိကကြည့်ရမှာက ရောစပ်တဲ့ငွေရာခိုင်နှုန်းပဲဖြစ်ပါတယ်.. မြန်မာပြည်မှာကတော့ မျိုးစုံပြောရောင်းနေတဲ့အတွက် ဆိုင်ကြီးတွေမှာဝယ်ရင် ပိုစိတ်ချရပါတယ်.. ကျွန်တော်တို့ ဦးညီလေးဆိုင်အနေနဲ့ကတော့ နှစ်60လုံးလုံး အကောင်းဆုံးငွေQualityကိုထိန်းထားတဲ့အတွက် Customerများအနေနဲ့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါကြောင်းပြောရင်းနဲ့ ဒီTopicလေးကို အဆုံးသတ်လိုက်ပါတယ်။

      In conclusion, you will not confuse anymore about silver and 925 are not different kinds of metals. If you want to buy silverwares products, you need to check the mixing silver %. Most of the Myanmar silver shops will not tell the truth about their product mixing silver percent. So if you want to buy silver products in Myanmar, you need to buy from the famous silver shops. Our U Nyi Lay Silver Shop has kept the best silver quality over 60 years. So you can buy silver products from U Nyi Lay Silver Shop with no doubt on the silver quality. And I will stop the topic here.